ကျွန်ုပ်တို့သည် ဖန်ခွက်အကြည်များနှင့် ဒီဇိုင်းရိုက်နှိပ်ထားသောဖန်ခွက်များကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများပြုလုပ်လျှက်ရှိပါသည်။
ကျွန်ုပ်တို့သည် အာရှပစိဖိတ်ကို ဦးဆောင်နေသောဖန်ထုတ်ကုန်များထဲမှတစ်ခုဖြစ်ပြီး၊ အရှေ့တောင်အာရှရှိ စားပွဲတင်ဖန်အလှဆင်ထုတ်ကုန်များတွင် ထိပ်တန်း ၃ နေရာတွင်တည်ရှိသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
ယူနီယမ် ဂလပ်(စ်) ကုမ္ပဏီသည် ကုန်ပစ္စည်းများ ဖြန့်ချီရာတွင် လက်ရှိ ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်သော ထိုင်း၊ ဗီယက်နံ၊ လာအိုနိုင်ငံများကို ဖြန့်ချီ သကဲ့သို့ နိုင်ငံတစ်နိုင်ငံတွင် အဓိက တင်သွင်းရောင်းချသော ကိုယ်စားလှယ် တစ်ဦးစီသာထားသောရောင်းချခြင်းကိုသာ အဓိကထား၍ ဖြန့်ချီလျက်ရှိပါသည်။ လိုအပ်ချက်မြင့်မားနေသော ဖွံဖြိုးဆဲ နိုင်ငံများသို့ တင်သွင်း ရောင်းချမှုပြုလုပ်သော အခါတွင်လည်း ယင်းနိုင်ငံများ၏ ၀ယ်ယူ အသုံးပြုသူများ စိတ်ကျေနပ်မှုရှိစေရန်ကိုသာ အဓိကထားစဉ်းစား၍ ဖြန့်ချီရောင်းချလျုက်ရှိပါသည်။ ထိုကဲ့သို့ အကောင်းဆုံး အရည်အသွေးနှင့် နှုန်းထားကို အဓိကထားသောကြောင့် ယူနီယမ် ဂလပ်(စ်) ကုမ္ပဏီ အနေဖြင့် ရှေ့ဆက်ရမည့် လုပ်ငန်းများကို အလားအလာရှိသော စစ်မှန်သော မိတ်ဆွေစစ်များနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။